မြိတ် ဇူလိုင် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ် အခြေခံပညာအလယ်တန်း အဆင့်သင် Grade-9 နှင့် အခြေခံပညာအထက်တန်းအဆင့်သင် Grade-12 (သင်ရိုးသစ်) မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်းကို ဇူလိုင်(၁၅)ရက် နံနက်ပိုင်းက အထက(၁)မြိတ် ပညာ့ဗိမာန် ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို အခြေခံပညာကျောင်းများတွင် သင်ကြား၊ သင်ယူမှုလုပ်ငန်းများ ထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အခြေခံပညာအလယ်တန်း အဆင့်သင်Grade-9(သင်ရိုးသစ်)နှင့် အခြေခံပညာအထက် တန်းအဆင့်သင် Grade-12(သင်ရိုးသစ်) ဆရာ/ဆရာမ များ၏ ဘာသာရပ်အလိုက် သင်ကြားမှု အရည်အသွေး များကို မြှင့်တင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းကို မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန် က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယ မြို့နယ် ပညာရေးမှူး ဦးလင်းယန်အေးက သင်တန်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား၍ သင်တန်းစတင်ခဲ့သည်။ အဆိုပါသင်တန်းကို Grade-9(သင်ရိုးသစ်)တွင် ဆရာ/မ (၂၂၄)ဦး နှင့် Grade-12(သင်ရိုးသစ်)တွင် ဆရာ/မ (၉၉)ဦး တက်ရောက်ခဲ့ကြ၍ သင်တန်း နည်းပြ(၁၈)ဦးစီဖြင့် ဘာသာရပ်များအလိုက် သင်တန်းကာလ (၆)ရက်ကြာ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက်)