ကျောင်းကုန်းမြို့၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသ

ကျောင်းကုန်း ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကွင်းအမှတ် ၄၁၀(C)၊ ဦးပိုင်အမှတ် (၁၇)၊တောင်သူ ဦးရန်ပြေ၏ လယ်မြေ(၂)ဧက၌ R S မျိုးစေ့ထုတ် ဆင်းသုခမျိုးစပါးအား ကောက်စိုက်စက်ဖြင့်  စိုက်ပျိုးပြခြင်းကို ယ‌နေ့နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပြသခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနဝန်ထမ်းများ၊ စိုက် ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် တောင်သူ (၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ ဆက်)