ချောက် ဇူလိုင် ၁၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ချောက်မြို့အမှတ်(၁)ရပ်ကွက်၊ ရေအိုးစင်ရပ်၊ ရှစ်မျက်နှာကုန်း၌ ဒေသစိမ်းလန်းစိုပြည်ရေးနှင့်ရာသီဥတုမျှတရေး၊ သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးအတွက် အထောက်အပံ့ကောင်းများဖြစ်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၇နာရီက တမာပျိုးပင်စုပေါင်းစိုက်ပျိုးပွဲကျင်းပခဲ့သည်။
အဆိုပါတမာပင်စိုက်ပျိုးပွဲတွင် အမှတ်(၁)ရပ်ကွက်အောင်မင်္ဂလာကျောင်းတိုက် အောင်မင်္ဂလာဆရာတော်ဦးပညာဝံသကြီးကြပ်ပြီးချောက်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးလွင်၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဥတ္တလူငယ်လူမှုကူညီရေးအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၂၉၈) ဦးတို့ကတမာပျိုးပင်ပေါင်း(၄၅၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ ဆက်)