ပုသိမ် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်ကြက်ခြေနီ အသင်းခွဲက ကြီးမှူးဖွင့်လှစ်သော "ရှေးဦးပြုစုခြင်း (အခြေခံအဆင့်) သင်တန်း" ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီ အချိန်တွင် ပုသိမ်မြို့၊ ပညာရေး ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးကြည်အောင်နှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးတပ်ဖွဲ့မှူးဦးဝင်းမြင့်နှင့် တိုင်းတပ်ဖွဲ့ အရာရှိများ၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငပုတောမြို့နယ်၊ သာပေါင်းမြို့နယ်တို့မှ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာနုနုအေးနှင့် တာဝန်ရှိ သူများ၊ သင်တန်းသား /သူများ တက်ရောက်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဥက္ကဋ္ဌ ဦးကြည်အောင်နှင့် ကျောင်းအုပ်ကြီး ဒေါက်တာနုနုအေးတို့က သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းထူးချွန်ဆု ရရှိသူများကို တာဝန်ရှိသူအသီးသီးက ဆုများပေး အပ်ချီးမြှင့်ခဲ့ပါသည်။ထို့နောက် သင်တန်းဆင်းအောင်လက်မှတ်များကို တိုင်းဥက္ကဋ္ဌ ဦးကြည်အောင် နှင့် ကော်မတီဝင်များက ပေးအပ်ချီးမြှင့်ရာ သင်တန်းသား/သူများမှ လက်ခံရယူခဲ့ကြပြီး ကြက်ခြေနီအသင်းသား အဆိုပြုလွှာများ ပြန်လည်ပေးအပ်ရာ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးဝင်းမြင့်နှင့် တိုင်းကော်မတီဝင်များကလက်ခံရယူခဲ့သည်။ ပုသိမ်ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာနုနုအေး က သင်တန်းနည်းပြ ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်သင် သင်တန်းသို့ တက်ရောက်လျက်ရှိသော သင်တန်းသား/သူ (၈၄၀) ဦးတို့ တက်ရောက်ကြ မည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၄.၆.၂၀၂၃) မှ (၉.၇.၂၀၂၃) ရက်နေ့အထိ စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ပို့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပုသိမ်ခရိုင်(ပြန်/ဆက်)