ကေ့ာကရိတ် ဇူလိုင် ၁၆
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီချိန်က အမက(၆) မူလတန်းလွန် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးမင်းလွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများနှင့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် အားလပ်ချိန်တွင် စာပေဗဟုသုတရရှိစေရေးအတွက် စာအုပ်စာစောင်များ ဖတ်ရှု့လေ့လာစေရေးတို့ကို ဟောပြောခဲ့သည်။ ထိုနောက် အ-မ-က(၆)မူလွန်ကျောင်း ကျောင်းအုပ်ဆရာကြီးက အာဇာနည်ကိုးဦး တစ်ဦးချင်းစီ၏အထ္ထုပ္ပတ္တိနှင့် လွတ်လပ် ရေးကြိုးပမ်းမှု လုပ်ဆောင်ချက်တို့ကို ဟောပြောခဲ့သည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ မှတ်တမ်းဓာတ်ပုံများနှင့် အခြားသော နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)