ဟင်္သာတ ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ စက်မှုလယ်ယာဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် KUBOTA ကောက်စိုက်စက် (၆)တန်းသွားဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကို ယနေ့နံနက် ၉ နာရီက ဟင်္သာတမြို့နယ်၊ တာကွေ့ကျေးရွာ၊ ကွင်းအမှတ်(၁၄၉၂)၊ ဦးပိုင်အမှတ်(၅/၂)ရှိ ဦးစောထူးနေစေး ၏ လယ်မြေ(၂)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် KUBOTA ကောက်စိုက်စက် (၆)တန်းသွား(၂)စီးဖြင့် မိုးစပါးစိုက်ပျိုးခြင်းအား လက်တွေ့သရုပ်ပြ စိုက်ပျိုးမှု ပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် တာဝန်ရှိသူများမှ လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ သရုပ်ပြပွဲသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင် စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်ကျော်သန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်ဆန်ထွန်း၊ ဒူးယားမြို့အုပ်ချုပ်ရေးမှူး ဦးနေအောင်၊ ခရိုင်/မြို့နယ် စိုက်တိုးမြင့်အဖွဲ့များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံ တောင်သူလယ်သမားများ၊ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း မြို့နယ်စက်မှူလယ်ဦးစီးဌာနမှူး ဦးအောင်ကိုကိုတင် ထံမှသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)