အင်္ဂပူမြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများနှင့်‌ အောင်ချက်အကောင်းဆုံးကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

အင်္ဂပူ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက ၂၀၂၃-ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများနှင့်‌ အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ အ-ထ-က(အင်္ဂပူ)မှ ကျောင်းသား၊ ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းသီဆို အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့‌နောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင်နိုင်ငံတော်အဆင့်၊တိုင်းအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးကလည်းကောင်း၊ (၅)ဘာသာ၊ (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးညွန့်အောင်၊မြို့နယ်ပညာရေးမှူး ဦးလှထွဋ်တို့က လည်ကောင်း၊ (၃)ဘာသာ၊(၂) ဘာသာ၊(၁)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့မိ မြို့ဖများက၊ ဂုဏ်ပြုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွာများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ဆက်လက်၍ အောင်ချက်အကောင်းဆုံး ကျောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီးသည်။

အင်္ဂပူမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော နိုင်ငံတော်အဆင့်(၂)ဦး၊တိုင်းအဆင့် (၆)ဦး၊ လူရည်ချွန်(၂)ဦး၊(၅)ဘာသာဂုဏ်ထူး (၅)ဦး၊ (၄)ဘာသာဂုဏ်ထူး (၉)ဦး၊(၃)ဘာသာဂုဏ်ထူး(၆၄)ဦး၊(၂)ဘာသာဂုဏ်ထူး(၆၇)ဦး၊ (၁)ဘာသာထူး (၁၀၇)ဦး၊စုစုပေါင်း ဂုဏ်ထူးရကျောင်းသား၊ကျောင်းသူ (၂၄၅)ဦးအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ ဆက်)