ပြင်ဦးလွင် ဇူလိုင် ၁၆
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအတွက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်(ဧပြီ၊မေ၊ဇွန်) လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ OSSခန်းမ၌ ကျင်းပရာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဝင်း နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်ခင်ညိုတို့က လူမှုရေးပင်စင် ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွင်း ပြင်ဦးလွင်မြို့နယ် အတွင်းရှိ အသက် (၈၅)နှစ်အထက် အဘိုး (၂၄၀) ဦး နှင့် အဘွား (၄၇၅) ဦး၊ စုစုပေါင်း (၇၁၅) ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ကြေးငွေကျပ် သုံးသောင်းနှုန်းဖြင့် စုစုပေါင်း လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် နှစ်ရာတစ်ဆယ့်လေးသိန်းငါးသောင်းကျပ်တိတိအား ရပ်ကွက်/ ကျေးရွာ အသီးသီးမှ လူမှုရေးပင်စင်ရရှိကြသော အဘိုး/အဘွားတို့၏ကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)