နတ်မောက် ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ကြက်လျှာကျေးရွာနှင့် ရွာမွန်ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဦးစီဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူး ရဲနိုင်စိုးက အဖွင့်အမှာ စကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးလင်းထွဋ်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ရန်ပုံငွေ မှ အရင်းမ ပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း(၃၀၀)ကို မတည်ပေးခြင်းဖြစ်၍ ကျေးရွာအတွင်းရှိ အိမ်ထောင်စုများထံ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပြီးရန်ပုံငွေတိုးပွားလာစေကာ ရေရှည်တည်တံ့အောင်မြင်အောင် အထူးအလေးထား လည်ပတ်ဆောင်ရွက်ကြရန်၊ စီမံကိန်းရန်ပုံငွေကို ကျေးရွာလူထု၊ ကျေးရွာစီးမံကိန်းလုပ်ငန်းအဖွဲ့က ဆုံးရုံးလျော့ပါးမှု မရှိစေရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ရှိစွာဆောင်ရွက်ရန်နှင့် စီမံကိန်းလက်စွဲပါ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဗိုလ်မှူးရဲနိုင်စိုး၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးစိုးလင်းထွဋ်တို့က ကြက်လျှာကျေးရွာနှင့် ရွာမွန်ကျေးရွာတို့အား ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်ရန်ပုံငွေမှ အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြစ် ငွေကျပ်သိန်း (၃၀၀)ကို ကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ တာဝန်ရှိသူတစ်ဦးထံ လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း