အထက်မင်းလှ ဇူလိုင် ၁၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင်များကို ထောက်ပံ့ပေးလျက် ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမ သုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ် ၃ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သူဇာလှိုင်နှင့်ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေး ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ပထမသုံးလပတ် (ဧပြီ၊မေ၊ဇွန်) လများအတွက် အဘိုးအဘွားတစ်ဦးလျှင်လူမှုရေးပင်စင်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် အသက်(၈၅)နှစ် အထက်သက်ကြီးဘိုးဘွား(၇၀၁)ဦးအတွက် ငွေကျပ် (၂၁၀၃၀၀၀၀/-)ကို နိုင်ငံတော်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများမှ ဘိုး၊ ဘွားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။
ဇာဇာ(ပြန်/ဆက်)