သရက်မြို့၌ ယာဉ်အန္တရာယ် ကင်းဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

သရက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ အမှတ်(၁၉ )ယာဉ်ထိန်းတပ်ဖွဲ့)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းဆင်းရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁:၃၀)နာရီက အထက်တန်းကျောင်း(ခွဲ) အ.လ.က(၃)၌ ကျင်းပခဲ့ရာ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင်အမှတ်(၁၉) ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးကျော်စောက ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို စနစ်တကျ သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးကျော်သီဟက ကျေးဇူတင်စကား ပြန်လည် ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)