မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားမြို့နယ်ပေါင်းစုံပြေးခုန်ပစ် (ကျား/မပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော သရက်မြို့နယ်အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ

သရက် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီးသရက်မြို့၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဖလားမြို့နယ် ပေါင်းစုံပြေးခုန်ပစ်(ကျား/မ)ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုရရှိခဲ့သော သရက်မြို့နယ် အသင်းအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အဖွင့်အမှာ စကားပြောကြားပေးခဲ့ပြီး သရက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲဝင် အားကစားသမားများအား မိတ်ဆက်ပေးပြီး ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်စဉ် ကြုံတွေ့ခဲ့ရမှု များအား ရှင်းလင်းပေးခဲ့သည်။

ထို့နောက်သရက်မြို့နယ်မှ ရရှိသည့် အသင်းအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆုများ အသီးသီး ချီးမြှင့်ပေးခဲ့ပြီး (ကျား/မ) တံခွန်စိုက်ဒိုင်းဆုအား သရက်ခရိုင် စီမံအုပ်ျုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံသို့ ဆုရရှိသည့် သရက်မြို့နယ်အသင်းမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)