စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ဆရာတော်ကြီးနှင့်သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ လိုက်လံကြည့်ရှုစစ်ဆေး

မုံရွာ ဇူလိူင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းတွင် လေရှီးမြို့၊ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူများနှင့်အတူ ဆရာတော်ကြီးနှင့် သံဃာတော်များထံ လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားကာ ထေရဝါဒဗုဒ္ဓသာသနာပြုဗဟိုကျောင်း ဘုန်းတော်ကြီးစာသင်ကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား အဟာရကျွေးမွေးရန် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့နယ်၊ ရေတောင်ကျေးရွာရှိ လှေကားထစ်လယ်ယာစနစ်ဖြင့် ကွင်းအမှတ် - OSS 3၊ ဦးပိုင်အမှတ် - ၁၁၃ တွင် တောင်သူ ဦးယားပေါ့ စိုက်ပျိုးထားသည့် မိုးစပါးပန်းတိုင်အထက်ထွက်ရှိရေးစံပြကွက် အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည်းဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ် ဆက်အားပေးပြီး ဆေးရုံအတွက်ဆေးပစ္စည်းများနှင့် ထောက်ပံ့ငွေများအား ပေးအပ်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဆေးကုသမှု ခံယူနေကြသော ဒေသခံတိုင်းရင်းသားများအား အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။  

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိရာ အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်း သား၊ကျောင်းသူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)