ဝေါမြို့နယ်၌ တောင်သူ၊ လယ်သမားများအား ကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ

ဝေါ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၅၀) စက်မှုလယ်ယာစခန်းမှ တောင်သူလယ်သမားများအား စပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေး ကြဲခင်းစနစ်မှ ကောက်စိုက်စက်ဖြင့် တိုက်ရိုက်စိုက်ပျိုးနိုင်ရန်  လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဧကရာဇ်ကျေးရွာအတွင်းရှိ ရန်ကုန်-မော်လမြိုင်အမြန်လမ်းမဘေး တောင်သူ ဦးကျော်သူ၏ လယ်မြေတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် ပဲခူးခရိုင်၊ စက်မှုလယ်ယာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းအကြောင်းများကို ရှင်းလင်းပြောကြားပြီး၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၀)စက်မှုလယ်ယာစခန်းမှ ဝန်ထမ်းများက စပါးမျိုးပင်ချ ကရိယာကောက်စိုက်စက်ဖြင့် လက်တွေ့သရုပ်ပြစိုက်ပျိုးပြသရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းချစ်ထွန်းနှင့်ဝန်ထမ်းများ၊ ဧကရာဇ်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ တောင်သူလယ်သမားများ တက်ရောက်လေ့လာကြကြောင်း သိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)