မြို့သစ်မြို့နယ်တွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မြို့သစ် ဇူလိုင် ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ မစတင်မီ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြား၍ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲကိုကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းမှ (Grade – 4၊ Grade– 5) ကျောင်းသား/ကျောင်းသူ (၁၃)ဦးက ကဗျာဆရာ မျိုးမြတ်မြတ်မြင့်မောင်၏ “မမေ့နိုင်ယနေ့တိုင်” ကဗျာဖြင့် ပါဝင်ယှဉ်ပြိုင်ကြပြီး  ပန်းချီပြိုင်ပွဲတွင်  အခြေခံပညာမူလတန်းအဆင့် (Grade–4၊ Grade–5) ကျောင်းသားကျောင်းသူ (၃၂)ဦးက  “အာဇာနည်နေ့အစဉ်မမေ့” ခေါင်းစဉ်ဖြင့် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ဆုရရှိသူ ကျောင်းသား/ ကျောင်းသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာ/ဆရာမများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)