ဝေါမြို့နယ်၌ “စာဖတ်ခြင်း၏ အကျိုးကျေးဇူး” ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

ဝေါ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကာယ၊ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖြင့် ပြည့်စုံစေရန်နှင့် ပရိသတ်ရှေ့၌ ပြောရဲ ဆိုရဲသော သတ္တိများ ရှိလာစေရန် လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများကို ဖလှယ်နိုင်စေရန်နှင့် လိမ္မာယဥ်ကျေးစွာ ပြောဆိုဆက်ဆံတတ်စေသည့် အတွေ့အကြုံသစ်များကို ရည်ရွယ်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက နောင်ပတ္တရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဆရာဦးကျော်လင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးမိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမိုးအောင်က Modertor အဖြစ် ဆောင်ရွက်ပေးပြီး အ.ထ.က (နောင်ပတ္တရာ) Grade (11)မှ မောင်သုတဇော်က ဆယ်ကျော်သက်လူရည်ချွန်လေးများ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade(11)မှ မောင်ဥက္ကာကိုကိုက ရှေးဟောင်းရာဇဝင် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade (11)မှ မောင်ဇာနည်လွင်က ဗမာနှင့် ဂျပန် ခေါင်းစဥ်ဖြင့် လည်းကောင်း၊  Grade (10)မှ မဆန်းမြင့်မြတ်လွင်က ရေတပ်စစ်သေနာပတိချုပ် စစ်သူကြီး လီဆွန်းရှင်း ခေါင်းစဥ်ဖြင့် လည်းကောင်း၊ Grade (10) မှ မသက်ထားဆွေက သူမနှင့် သူမဘဝ ခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ယင်းနောက် လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူ ကျောင်းသား ၊ ကျောင်းသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)