ကော့သောင်း ဇူလိုင် ၁၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ၀၄./၁၁ ကေဗွီ(၃) အမ်ဗွီအေ (၁၀) မိုင်ဓာတ်အားခွဲ ရုံသစ်ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ (၁၀) မိုင်ကျေးရွာတွင် ကျင်းပခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းခြင်းတို့ဖြင့် ဖွင့်ပွဲအခမ်းအနားအား စတင်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအနေဖြင့် ပြည်သူများအား ဓာတ်အားခဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးနိုင်ရန် အစဉ်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ယခုဓာတ်အားပေးစက်နှင့် ဓာတ်အားခွဲစက်အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ကြီးကြပ်မှုဖြင့် တည်ဆောက်ပြီးစီး၍ ဓာတ်အားစမ်းသပ်မောင်းနှင်ပို့လွှတ်ပြီဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် လျှပ်စစ်ကိုအန္တရာယ်ကင်း၊ အကျိုးရှိစွာအသုံးချ၍ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲစက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြပါရန် အမှာစကားပြောကြား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးဝင်းဗိုလ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် ယခု (၁၀) မိုင်ဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား ဓာတ်အားခွဲစက်ရုံဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့တို့က ဓာတ်အားခွဲစက်ရုံအတွင်း လှည့်လည် ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)