ကော့သောင်း ဇူလိုင် ၁၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက် မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာတွင် ရဲဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား လူတစ်ဦးချင်းစီ၏ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ မြို့မရဲစခန်းတွင် ကွင်းဆင်းကောက်ယူလျက်ရှိရာအဆိုပါ Biometric အချက်အလက်များ ဖြည့်သွင်း ဆောင်ရွက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါ Biometric အချက်အလက်များ ဖြည့်သွင်းဆောင်ရွက်ရေးလုပ်ငန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်/မြို့နယ်ဦးစီးမှူးများ ဦးဆောင်၍ ဝန်ထမ်းများက အသက် (၁၀)နှစ်နှင့် အထက်နိုင်ငံသား တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို Enrollment Application Form (ပုံစံ-၁)ဖြင့် မျက်နှာ၊ မျက်လုံး၊ လက်ဗွေကို Screen ဖတ်ပြီး အချက်အလက်များအား Enrollment Device ဖြင့် server ထဲထည့်၍ အချက် အလက်များကို QR ကုတ် ပါသည့် ဂဏန်း(၁၀)လုံးပါသော UID နံပါတ် ပြန်လည်ထုတ်ပေးခြင်းဖြစ်ပြီး အဆိုပါ လုပ်ငန်းကို ဦးတည် အုပ်စုများ သတ်မှတ်ထားသည့် အစီအစဉ်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)