မုံရွာခရိုင် ကျန်းမာရေးဦးစီးဌာနမှ မုံရွာစီးပွားရေးတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မုံရွာ ဇူလိူင် ၁၄

မိုးရာသီကာလအကူးအပြောင်းတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာညီညီနှင့် ကျန်းမာရေးဝန်ထမ်းများသည် ဇူလိုင်လ ၁၄ ရက်နေ့နံနက်ပိုင်းက မုံရွာမြို့စီးပွားရေးတက္ကသိုလ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဒေါက်တာညီညီနှင့် တာဝန်ရှိသူများက နံနက် ၈ နာရီခွဲအချိန်တွင် မုံရွာမြို့စီးပွားရေးတက္ကသိုလ် သင်တန်းခန်းမတွင်တက္ကသိုလ် ကျောင်းသား ကျောင်းသူများအား သွေး လွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြပြီးနောက်စာသင် ကျောင်းများ၊ ရေကန်များ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေစစ်ဆေးခြင်းများနှင့် ပိုးလောက်လန်းများ ပေါက်ဖွားမှုမရှိစေရေး အဘိတ်ဆေးခတ်ခြင်းများကို  ဝန်ထမ်းများနှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မုံရွာစီးပွားရေးတက္ကသိုလ်ရှိ ဆရာဆရာမများအပါအဝင် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၅၂)ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 ခရိုင်(ပြန်/ဆက်)