ပဲခူးမြို့နယ် ဘုရားကြီးမြို့၌ အခြေခံအပ်ချုပ်စက်သင်တန်း (၁/၂၀၂၃)ဆင်းပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၁၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်း စီမံကိန်းအရ ဖွင့်လှစ်သည့် အခြေခံအပ်ချုပ်စက်သင်တန်း (/၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့နယ် ဘုရားကြီးမြို့ ရွာသစ်ကျေးရွာ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမျိုးအောင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး  ထူးချွန်ဆုရရှိသည့် သင်တန်းသူ()ဦးအား အပ်ချုပ်စက်()လုံးစီ ချီးမြှင့်ပေးအပ် ခဲ့ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး အဝတ်အထည်များအား လက်တွေ့ချုပ်ပြနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါ အခြေခံအပ်ချုပ်စက်သင်တန်း (/၂၀၂၃)အား ဇွန်လ()ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး  သင်တန်းသား/ သင်တန်းသူ(၂၅)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)