ထန်းတပင်မြို့နယ်၌ မိုးနေကြာစံပြစိုက်ခင်းနှင့် မိုးစပါးမျိုးစေ့ထုတ်စံပြကွက်ဆောင်ရွက်ထားရှိမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း

ထန်းတပင်(ပဲခူး) ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် သရက်ပင်ကျေးရွာ ကွင်းအမှတ် (၄၅၄) ရှိ မိုးနေကြာစံပြစိုက်ခင်းနှင့် အောင်မင်္ဂလာကျေးရွာ ကွင်းအမှတ်(၄၅၅)ရှိ မိုးစပါးမျိုးစေ့ ထုတ်စံပြကွက်သို့ ယနေ့နံနက် ၉ နာရီအချိန်ကတောင်ငူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေ၀င်းအောင် ခရိုင်စိုက်ပျိုး ရေးဦးစီးမှူး ခရိုင်လယ်ယာမြေစံမံခန့်ခွဲ ရေး ဦးစီးမှူးနှင့် မြို့နယ် စိုက်ပျိုးညှိနှိုင်းရေးအဖွဲ့များက ကွင်းဆင်းကြည့်ရူစစ်ဆေးခဲ့သည်။

အဆိုပါ ကြည့်ရူစစ်ဆေးရာတွင် မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးမှ မိုးနေကြာစံပြစိုက်ခင်း၏ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးထားခြင်း ထယ်ရေးကောင်းမွန် အောင်ဆောင်ရွက်၍ အပင်ဦးရေပြည့်မီစေရန် ပင်ကြား၊ တန်းကြား မှန်ကန်အောင်စိုက်ပျိုးထားခြင်း မြေသြဇာ စနစ်တကျအသုံးပြု၍ ပေါင်းမြက် စ နစ်တကျကာကွယ်နှိမ် နင်းထားရှိမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၏ တစ်ဧက အပင်ဦးရေပြည့်မီစေရန် ပင်ကြား၊ တန်းကြားမှန်ကန်စွာ စိုက်ပျိုးထားရှိမှုနှင့် အပင်ဖြစ်ထွန်းမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်