လက်ပံတန်းမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

လက်ပံတန်း   ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့၌ ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို အ.ထ.က  (၃)ကျောင်း ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီကကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဆရာမကြီးဒေါ် ဥမ္မာဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာဝင်းက အာဇာနည်နေ့နှင့် ပတ်သက်သည့်အ ကြောင်းအရာများကို ကျောင်းသား/သူများအား အသိပညာပေးဟော ပြောခဲ့သည်။

ဆက်လက၍ (၇၆)နှစ်မြေက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အထက်တန်းနှင့် အလယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲတို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း(၂၀၇)ကျောင်းမှ ပါဝင်ယှဉ်ပြိုင် ထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင် ရှားပါးမှတ်တမ်းဓာတ်ပုံများနှင့် မိန့်ခွန်းကောက်နုတ်ချက်များ၊ အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦး ၏  အတ္ထုပ္ပတ္တိနှင့် သမိုင်းအကြာင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များကိုပြသခဲ့ရာ ကျောင်း သား/သူများ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)