ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ကျင်းပ

သရက် ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် နှုတ်မှုစွမ်းရည်တိုးတက်စေရန် လူငယ်များအချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြာပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက Moderator အဖြစ် ဆောင်ရွက်ကာ Grade-10 နှင့် Grade-11 ကျောင်းသား/ကျောင်းသူ(၆)ဦးက ဆွေးနွေးခဲ့ရာ G-10 ကျောင်းသား မောင်အောင်မိုးကျော်က လူငယ်နှင့် စာဖတ်ခြင်းအကျိုးဆွေးနွေးရာမှာ အောင်မြင်တဲ့သူ တစ်ဦးဖြစ်ဖို့ စာပေလေ့လာသင့်ပါတယ်လို့ ဆွေးနွေးခဲ့ပြီး G-11 ကျောင်းသားမောင်ထက်ဝေယံဖြိုးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးဆိုးကျိုးတွေနှင့်ပတ်သက်၍ ဆွေးနွေး‌ပေးခဲ့သည်။

ဆက်လက်၍ G-11 ကျောင်းသား မောင်အေးမင်းခန့်က လူငယ်နှင့် အောင်မြင်ရေးပန်းတိုင် ဆွေးနွေးရာမှာ လူငယ်တွေ အောင်မြင်မှုပန်းတိုင်ရောက်ဖို့ ဘယ်လိုကြိုးစား အားထုတ်သင့်သလဲဆိုတဲ့အချက်နှင့် ဆွေးနွေးပေးခဲ့ပြီး  G-10 ကျောင်းသူ မချစ်ပွင့်ဦးက လူငယ်နှင့်သတ္တိ ခေါင်းစဉ်ဖြင့်ဆွေးနွေးရာမှာ စိတ်ပိုင်းဆိုင်ရာသတ္တိနှင့် ရုပ်ပိုင်းဆိုင်ရာ သတ္တိနှစ်မျိုးရှိပြီး စိတ်ပိုင်းဆိုင်ရာသတ္တိက ပိုမိုမြင့်မား၍ မိမိကိုယ်တိုင် လေ့ကျင့်မွေးမြူရမည်ဆိုသည့်အချက်များကို ဆွေးနွေးခဲ့သည်။ ထို့နောက် G-11 ကျောင်းသူ မမိုးပြည့်နဒီက လူငယ်နှင့် ဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့ရာ ဆိုရှယ်မီဒီယာကိုအသုံးပြု၍ မိမိဘဝတိုးတက်အောင် ရှာဖွေရမည့် နည်းလမ်းများနှင့် ဆိုရှယ်မီဒီယာ၏ဆိုးကျိုးများကို ရှောင်ရှားန်ုင်ရန် ဆွေးနွေးခဲ့ပြီး  G-11 ကျောင်းသူ မထက်ထက်အောင်က လူငယ်နှင့်အချိန်၏ တန်ဖိုးခေါင်းစဉ်ဖြင့် လူငယ်တွေအချိန်ကို မိမိဘဝအတွက် ဘယ်လိုအကျိုးရှိအောင် အသုံးချမလဲဆိုတဲ့ အချက်များဖြင့် ဆွေးနွေးခဲ့သည်။ ဆွေးနွးပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် စာအုပ်ပြပွဲနှင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံ့ရံကပ်စာစောင်များအား ကျောင်းသား/ ကျောင်းသူလေးများက ကြည်ရှု့ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)