မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

မင်းလှ ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့ ဆေးရုံဝန်းအတွင်း၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြေစေရေးနှင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိများ နိုးကြားရှင်သန်စေရန်၊ ရာသီဥတု မျှတစေရန် ရည်ရွယ်ပြီး ဇူလိုင် ၁၄ ရက် နံနက် ၈  နာရီချိန်က ၂၀၂၃ ခုနှစ်၊ မိုးရာသီ စု‌ပေါင်းသစ်ပင် စိုက်ပျိုးပွဲ ပြုလုပ်ခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦး‌ကျော်မျိုးမင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက် ကြ၍ တက်ရောက်လာသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပျိုးပင်များပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ် ခဲ့ကြသည်။

၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မန်ဂျန်ရှား (၇၀)၊ ပိတောက် (၆၀)၊ ခရေ (၆၀)၊ ကျွန်း  (၆၀) စုစုပေါင်းပျိုးပင် (၂၅၀) ပင်အား စုပေါင်းစိုက်ပျိုးခဲ့ ကြကြောင်း သိရသည်။

ပေါက်စ