ဘိုကလေးမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

 

ဘိုကလေး ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီ အချိန်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်ပြည့် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် ယခုထောက်ပံ့သော ထောက်ပံ့ငွေများအား ဘိုးဘွားများ၏လက်ဝယ်သို့ အမြန်ဆုံး ထောက်ပံ့ပေးရန်လိုအပ်ကြောင်း၊ ဘိုးဘွားများအတွက် အထောက်အပံ့တစ်ခုဖြစ်စေရေးအတွက် နိုင်ငံတော်က ယခုထောက်ပံ့ငွေများအား ပေးအပ်ခြင်းဖြစ်ကြောင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ တာဝန်ခံက လူမှုရေးပင်စင်ထောက်ပံ့ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများက ဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၏ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက လွှဲပြောင်းပေးသည့် ထောက်ပံ့ငွေများကို ဘိုးဘွားများ၏ လက်ဝယ်သို့ တစ်ဆင့် ပြန်လည် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘိုကလေးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် အသက်(၈၅)နှစ်ပြည့်ပြီး ဘိုးဘွားတစ်ဦးလျှင် တစ်လလျှင် (၁)သောင်းကျပ်နှုန်း၊ (၃)လစာ (၃)သောင်းကျပ်နှုန်းဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်)လများအတွက်  ဘိုကလေးမြို့နယ်အတွင်းရှိသည့် ဘိုးဘွားစုစုပေါင်း (၇၈၃)ဦးစာ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၃၄၉၀၀၀၀)ကျပ်အား ထောက်ပံ့ပေးရကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)