လဟယ် ဇူလိုင် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မီးဘေးနှင့်သဘာဝ ဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲ ယနေ့နံနက်(၀၉:၀၀)နာရီအချိန် လဟယ်မြို့ အ.ထ.ကကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ရှေးဦးစွာ မြို့နယ်မီးသက်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးအောင်စိုးမိုးက မီးဘေး ဖြစ်ပွားခြင်းဆိုသည်မှာ လူနေအိမ်များမှဖြစ်ပွားသော မီးဖိုချောင်မီးမှသော်လည်းကောင်း၊ လျှပ်စစ်ထမင်း၊ ဟင်းပေါင်းအိုးများမှ ရှော့စ်ဖြစ်၍ မီးလောင်ခြင်းမျိုးကိုလည်းကောင်း၊ လျှပ်စစ်ဝါယာကြိုးများမှ မီးလောင်ကျွမ်းမှုမျိုးကိုလည်းကောင်း စသည်ဖြင့် မီးလောင်ကျွမ်းမှုကို တာဆီးကာကွယ်ခြင်းသည် မီးဘေးအန္တရာယ် ကာကွယ်ခြင်းဟူ၍ ခေါ်ဆိုနိုင်ပါကြောင်းနှင့် သဘာဝဘေးဆိုသည်မှာ ရေဘေး၊ လေဘေး၊ မီးဘေးစသည်တို့မှ ဖြစ်ပွားတက်သော ဉပမာ သဘာဝဘေးကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်း၊ ကမ်းပြိုခြင်း၊ လမ်းတံတား အဆောက်အဦများ ပြိုကျပျက်စီးတက်ခြင်း၊ မြေငလျင်လှုပ်ခြင်းများကြောင့် ဖြစ်ပေါ်စေတက်သော အကြောင်းအရာများနှင့် သဘာဝဘေးကျရောက်ပါက မိမိမိသားစု၊ မိမိပတ်ဝန်းကျင်ရှိ မိသားစုဝင်များ ထိခိုက်မှု မရှိရလေအောင် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြလက်တွေ့ ကယ်ဆယ်နည်းများကို ပြုလုပ်ပြသပေးခဲ့ပါသည်။
အဆိုပါမီးဘေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲသို့ မြို့နယ်မီးသက်တပ်ဖွဲ့ဝင်များ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြောင်း သတင်းရရှိကးပါသည်။
ပါမင်းလိုင်(လဟယ်)