ဖျာပုံ ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က-၂ ကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဆုချီးမြှင့်ပွဲတွင် ဖျာပုံမြို့ အ.ထ.က - ၃ ကျောင်းသား/ ကျောင်းသူများက "မြန်မာ့ကျောင်း" သီချင်းဖြင့် ဖျော်ဖြေကြပြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်တို့က အမှာစကားပြောကြားကြပြီး၊ ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းကလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအားဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဆရာမကြီးတို့ကလည်းကောင်း၊ (၃)ဘာသာဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးတို့မှ ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွာများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ ၂၀၂၃ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် (၁)ဘာသာ၊ (၂)ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက အသီးသီးဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် ၂၀၂၃ ခုနှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော (၅)ဘာသာဂုဏ်ထူး (၂)ဦး၊ (၄)ဘာသာဂုဏ်ထူး (၆)ဦး၊ (၃)ဘာသာဂုဏ်ထူး (၂၉)ဦး၊ (၂)ဘာသာဂုဏ်ထူး (၅၂)ဦး၊ (၁)ဘာသာထူး (၁၄၀)ဦး၊ စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံ၊ ခရိုင်(ပြန်/ဆက်)