လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်း အမှတ် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ

လိပ်သို ဇူလိုင် ၁၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူ ကလေးငယ်များ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားပြီး မြန်မာစာပေနှင့် စွမ်းရည်တိုးတက် မြင့်မားလာစေရေး ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့်  (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်  အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါး ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အာဇာနည်နေ့ဖြစ်ပေါ် လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ မြန်မာ့လွတ်လပ်ရေး ရရှိရန်အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြိုးစားခဲ့ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦးတို့၏ အတ္တုပ္ပတ္တိများနှင့် အာဇာနည် စိတ်ဓာတ်များကို အသိပညာပေး ပြောကြားခဲ့သည်။

ဆက်လက်၍ (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲအား  “အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲအား “အာဇာနည်မြတ်မမေ့အပ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများပြုလုပ်ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၉) ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။

ခင်လေးနွယ်