(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဆင်ပေါင်ဝဲမြို့၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က​ မြို့နယ်အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က အာဇာနည်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးဟောပြောပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက ကျောင်းသား၊ ကျောင်းသူများ၏ နှလုံးသားထဲတွင် အာဇာနည်နေ့သည် မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ် ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား အသိပညာပေးဟောပြော ခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)