ကန့်ဘလူမြို့ အ.ထ.က(၁)ကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ကန့်ဘလူ ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများတွင် အထက်တန်းဆင့်၌ “လေးမြတ်ဂုဏ်ရည် အာဇာနည်” စာစီစာကုံးခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၅၆ ဦး၊ “အာဇာနည်နေ့နှင့်အမျိုးသားအားမာန် “ ဆောင်းပါးခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၂၉ ဦး၊ “သမိုင်းမော်ကွန်းတည် ကိုးဦး အာဇာနည်” ကဗျာခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၅၄ ဦး၊ အလယ်တန်းဆင့်တွင် “ မမေ့စဥ်လာ အာဇာနည်နေ့ချိန်ခါ” စာစီစာကုံးခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၆၈ ဦး၊ “ အာဇာနည်မြတ် မမေ့အပ်” ကဗျာခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၃၇ ဦးနှင့် မူလတန်းဆင့်တွင် “တို့များမမေ့နိုင် ၁၉ ဇူလိုင်” စာစီစာကုံးခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ ၅၄ ဦး စုစုပေါင်း ၂၉၈ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။

ထို့ပြင် ကန့်ဘလူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း ၈၀ ခန့်တွင်လည်း စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့်ဆောင်းပါးပြိုင်ပွဲများကို တစ်ပြိုင်တည်းကျင်းပလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)