ဒေးဒရဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြည်သူများအား ငါးမြစ်ချင်းငါးများ စျေးနှုန်းသက်သာစွာ ရောင်းချ

ဒေးဒရဲ ဇူလိုင် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနနှင့် ရေလုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများ ငါး၊ ပုစွန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ငါးမြစ်ချင်းများကို ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းဟန်နှင့်  ဝန်ထမ်းများက ပြည်သူများအား ငါးမြစ်ချင်းငါး အချိန်(၃)ပိဿာအား တစ်ပိဿာလျှင်(၄၀၀၀)ကျပ်နှုန်းဖြင့် ပြည်သူများအား ပြင်ပပေါက်စျေးထက် သက်သာသောနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း