ညောင်တုန်း ဇူလိုင် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးဇော်လွင်နှင့် အဖွဲ့ဝင် (၃) ဦးကျော်ဇေယျတို့က ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးမွေးမြူ ရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ဌာနနှင့် ရပ်ကွက်၊ ကျေးရွာများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (ဧပြီး၊ မေ၊ ဇွန်) လများအတွက် လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ကျင်းပရာ ညောင်တုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ် အထက် သက်ကြီးဘိုးဘွား (၁၁၀၃) ဦးအတွက် စုစုပေါင်းငွေကျပ် (၃၃၀၉၀၀၀ဝိ/-) ကို တာဝန်ရှိသူများက ဘိုးဘွားများကိုယ်စား သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး