မင်းတုန်းမြို့နယ်တွင် မိုးနှောင်းချည်မျှဉ်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့များထောက်ပံ့ပေးအပ်

မင်းတုန်း ဇူလိုင် ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မိုးနှောင်းချည်မျှဉ်ရှည်ဝါ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဝါမျိုးစေ့(ရွှေတောင်-၈) မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ချည်မျှဉ်ရှည်ဝါစိုက်ပျိုးနိုင်မည့် လယ်၊ ယာ၊ ကိုင်းမြေအမျိုးအစားများ၊ ဝါအထွက်နှုန်းနှင့် ဈေးကွက်အခြေအနေတို့အား ဆွေးနွေးခဲ့သည်။

ထို့နောက် ဝါမျိုးစေ့(ရွှေတောင်-၈)မျိုးစေ့များကို ဌာနဆိုင်ရာအကြီးအကဲများက ထောက်ပံ့ပေးအပ်ရာ ချည်မျှဉ်ရှည်ဝါတိုးချဲ့စိုက်ပျိုးမည့် တောင်သူများကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းတို့က လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)