သံတောင်ကြီး ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကကျောင်းဝင်းတွင် မိုးလုံလေလုံ အားကစားဝင်းတွင် ပြုလုပ်ဆောင်ရွက်ခံကြောင်းသိရသည်။
ရှေးဦးစွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လိုအေးက အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နော်လော်မူ ကမြန်မာနိုင်ငံသို့ ဘိန်းစတင်ဝင်ရောက်လာပုံ၊ မူးယစ်ဆေးဝါးမသုံးစွဲမိစေရန်လိုက်နာသင့်သည့်အချက်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာဆိုးကြိုးများ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများကိုသာဓကများနှင့်ဆွေးနွေး ဟောပြောပေးခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ဆက်လက်ပြသရာကျောင်းသူ/ကျောင်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
နော်လော်မူ