ရွှေတောင်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် လူရည်ချွန်ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပ

ရွှေတောင် ဇူလိုင် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထက (ကြာနီကန်)ကျောင်း၌ ယနေ့ နံနက်ပိုင်းက ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် လူရည်ချွန် ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့​နောက် အ.ထ.က (ကြာနီကန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက မိဘဆရာအသင်းဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူရည်ချွန် ကျောင်းသူလေးအား ဂုဏ်ပြုချီးမြှင့်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မိဘဆရာအသင်း အသစ်ရွေးကောက်တင်မြှောက် အတည်ပြုခြင်းအစီအစဥ်ကို ကျင်းပပြုလုပ်၍ လူရည်ချွန်ရရှိခဲ့သော Grade-12 ကျောင်းသူ မမြကေခိုင်ကျော်အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ပြီး လူရည်ချွန်ကျောင်းသူလေး မမြကေခိုင်ကျော်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)