(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

အရာတော် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်း ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် "လေးမြတ်ဂုဏ်ရည် အာဇာနည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ တွင် "မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "တို့များ မမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "သမိုင်းမော်ကွန်းတည် ကိုးဦးအာဇာနည်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲ တွင် "အာဇာနည်မြတ် မမေ့အပ်" ခေါင်းစဉ်ဖြင့် လည်းကောင်း မြို့နယ်အခြေခံပညာကျောင်းများမှ စုစုပေါင်းပြိုင်ပွဲဝင် (၃၉) ဦး ယှဉ်ပြိုင်ခဲ့ကြောင်း မြို့နယ် ပညာရေးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)