ဘောဂလိ ဇူလိုင် ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ စောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပေးဟောပြောပွဲတွင် မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိဆိုင် ရာသမိုင်းကြောင်းများကို ဒေသနေပြည်သူများအား ဟောပြောပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများပါဝင်သော အသိပညာပေး နံရံကပ်စာစောင်များကိုပြသခြင်းနှင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာအုပ်စာစောင်များကို ပြသဆောင်ရွက်ထားရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသနေပြည်သူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)