အောင်လံ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က (၃) ရွာထောင်ကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က (၃) ရွာထောင်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးစိုးသန်းမိုးက အာဇာနည်နေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာန ဦးစီးမှူး ဦးမျိုးသိန်းက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ဟောပြောဆွေးနွေးကာ အထက်တန်းပြဆရာ ဦးဇော်နိုင်ချိုက ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်အား ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးသိန်း (ပြန်/ဆက်)