ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မဲဆန္ဒရှင်စာရင်း စစ်ဆေးပြီးပြီ လား လက်ကမ်းစာစောင်များဖြန့်ဝေ

ဒိုက်ဦး အောက်တိုဘာ ၁၂


ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်သန်းသန်းဝင်းနှင့် ဝန်ထမ်းများသည် ယနေ့ နေ့နံနက်ပိုင်းက မြို့နယ်စည်ပင် သာယာဈေးကြီးအတွင်း  ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့်သင့်အမည်မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား လက်ကမ်းစာစောင်များအား ဈေးရောင်းချသူ၊ဈေးဝယ်သူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့သည်။
အဆိုပါစာစောင်တွင် ယခုတစ်ကြိမ်က မဲဆန္ဒရှင်စာရင်း၌ မိမိအမည်ပါ/မပါ စစ်ဆေးနိုင်သည့် နောက်ဆုံး အခွင့်အရေးဖြစ်ကြောင်း အခုပဲသွားရောက် စစ်ဆေးစေလိုကြောင်း https://findyourpollign station. Uecgovmm အွန်လိုင်းမှလည်း စစ်ဆေးနိုင်ကြောင်း၊ အကယ်၍ မိမိ(သို့မဟုတ်) မိမိ မိသားစုဝင်များ (သို့မဟုတ်)မိတ်ဆွေများ၏ အမည်စာရင်းကို ဖြည့်စွတ်ရန်၊ ပြင်ဆင်ရန်လိုအပ်ပါက(သို့မဟုတ်) မဲစာရင်း ပါအမည်စာရင်းကို ကန့်ကွက်လိုပါက သတ်မှတ်ထားသည့် ပုံစံများကို ဖြည့်စွတ်၍ ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ တင်သွင်းရမည်ဖြစ်ကြောင်း၊ သို့မှသာ အချိန်မီပြင်ဆင်နိုင်မည်ဖြစ်ကြောင်း၊ လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ဘေးကင်းလုံခြုံရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသော လမ်းညွှန်ချက်များအတိုင်း လိုက်နာရန် လိုအပ်ကြောင်းရေးသားဖော်ပြထားသည်။
ကျော်ကျော်(ဒိုက်ဦး)