အုတ်တွင်း အောက်တိုဘာ ၁၂
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးကြစေရန်နှင့် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးအချက်များကို ယနေ့ နေ့လယ်ပိုင်းက အုတ်တွင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသ ဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီ လား၊ ဘေးကင်း လုံခြုံစွာဆန္ဒမဲပေးပါ၊ ဆန္ဒမဲမပေးခင် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ မဲရုံအဖွဲ့ဝင်များမှ ကူညီ ဆောင်ရွက်နိုင်သည့် အချက်များ၊ ဖြည့်စွက်ရန် လိုအပ်မယ့် ပုံစံတွေကတော့၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ ၊ အတူတကွ မဲပေးကြပါစို့စသည့် အသိပညာပေး အချက်အလက်များကို ပြည်သူများ ကြည့်ရှု့လေ့လာနိုင် ရန် ပြသထားကြောင်း သိရသည်။
စည်သူ (ပြန်/ဆက်)