မြောင်းမြ အောက်တိုဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သမဝါယမအသင်းစုမှ ကိုဗစ်-၁၉ ရောဂါကာလ အတွင်း အသင်းသားပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် ပုံမှန်ဝင်ငွေရရှိစေရန်အတွက် ဒုတိယအကြိမ် အပ်ချုပ်စက်နှင့် ဓားစက်များအား အရစ်ကျငွေချေစနစ်ဖြင့် အောက်တိုဘာလ ၉ ရက်နေ့မှစ၍ ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ရောင်းချရာတွင် အခြေခံသမဝါယမအသင်းသား(၇၅)ဦးအား အပ်ချုပ်စက် (၁)လုံးလျှင် ငွေကျပ် (၁၃၅,၀၀၀)နှုန်းဖြင့် အပ်ချုပ်စက်(၅၀) လုံးကိုလည်းကောင်း၊ ဓားစက်(၁)လုံးလျှင် ငွေကျပ်(၁၄၅,၀၀၀) နှုန်းဖြင့် ဓားစက်အလုံး(၂၅)လုံးကိုလည်းကောင်း စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀,၃၇၅,၀၀၀) ကျပ်အား ပစ္စည်းတန်ဖိုးအပေါ် (၂၀)ရာခိုင်နှုန်း ပေးသွင်းစေပြီး ကျန်ငွေကို(၁၀)လဆပ် အရစ်ကျဆပ်စနစ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
ကေခိုင်စိုး(မြောင်းမြ)