မေတ္တာမြို့၌နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွား

မေတ္တာ အောက်တိုဘာ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြတ်လေးလမ်း၌ ယနေ့ နေ့လည် ၁၁နာရီ ၄၅မိနစ်အချိန်ခန့်က နှစ်လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ စောအယ်သောသော အသက်(၂၂)နှစ်(ဘ)စောရိုရူး  မေတ္တာမြို့နေသူသည် စိတ်ကယောင်​ခြောက်ခြားဖြစ်ပြီး ၄င်း၏ နေအိမ်ရှေ့၌ အရှည်၂ ပေခန့်ရှိ ဓားတစ်လက်‌ကိုင် ဆောင်၍ လမ်းပေါ်ရှိ လာသမျှလူများအား လိုက် ခုတ်သတ်ဖြတ် နေကြောင်း သတင်းအရ မေတ္တာနယ်မြေရဲစခန်းမှ စခန်းမှူး ဦးအောင်မြင့်ဝင်းနှင့်အဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာ အဖမ်းမခံဘဲ နေအိမ်ပေါ်သို့ တက်ပြေးခဲ့ပြီး ဓားကိုင်ရမ်းနေသဖြင့် သေနတ်ဖြင့် တစ်ချက်ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း၊ အသာတကြည် ဖမ်းဆီးခံရန် ချော့မော့ပြောဆိုသဖြင့် ၁၂နာရီ ၁၅မိနစ် အချိန်ခန့် ၌ အသာတကြည် အဖမ်းခံခဲ့ကြောင်း၊ ၄င်းဓားဖြင့် ခုတ်ခဲ့သဖြင့် နေအိမ်နှင့်အနီး၌ ဦးကျော်ဇေယျာထွေး (ခ) သားကြီး (၃၄)နှစ် (ဘ)ဦးထွေးလှ၊ မေတ္တာမြို့ နေသူတွင်ဘယ်/ညာခြေ သလုံးနှစ်ဘက်ပြတ်ရှဒဏ်ရာ၊ နောက် ကျောပြတ်ရှဒဏ်ရာ၊ ဘယ်နားရွက် အောက်မေးရိုး ပြတ်ရှဒဏ်ရာ(၂)ချက်၊ ဘယ်ပုခုံးပြတ်ရှဒဏ်ရာနှင့် မောင်ဇွဲသက်ပိုင်ဆွေ(၁၂)နှစ် (ဘ)ဦးစိုးမင်းထိုက်၊ မေတ္တာမြို့နေသူတွင် ဂုတ်ဦးခေါင်းနောက် စေ့ပြတ်ရှဒဏ်ရာ၊ ပုခုံးလက်နှစ်ဘက်ပြတ် ဒဏ်ရာ၊ လက်ကောက်ဝတ် ပြတ်ထွက်ဒဏ်ရာများဖြင့် (၂)ဦးပွဲချင်းပြီး သေဆုံးလျက်တွေ့ရှိရကြောင်း နှင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေတ္တာနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

မေတ္တာ