ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးရုပ်ပုံများ မြေစိုက်နံရံကပ်ဘုတ်တွင်ပြသ

ဝေါ အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ များ သိရှိလိုက်နာနိုင်ရေး အတွက် UNESCO မှ ပေးပို့လာသည့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်သည့် ရုပ်ပုံများအား မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့ နံနက်ပိုင်းက စတင်၍ ပြသပေး ထားကြောင်း သိရှိရသည်။

အဆိုပါပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲတို့၏ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ၊ အချက် အလက်နှင့် ထင်မြင်ယူဆချက် တို့ကို ခွဲခြားဖို့ခက်နေပါသလား၊ သတင်းတင်ဆက်ချက်များထဲမှ ဓမ္မဓိဋ္ဌာန်သတင်းအချက်အလက်များနှင့် ပုဂ္ဂလဓိဋ္ဌာန် သတင်းအချက်အလက်များ၊ သတင်းအချက် အလက်နှင့်ထင်မြင်ယူဆချက်၊ သတင်းတွင် အသုံးပြုသော စကားအသုံးအနှုန်းပိုင်းကို သတိထား ကြည့်ရှုပါ၊ သတင်းခွဲခြားစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ ကလေးသူငယ်၊ လူငယ်နှင့် လူမှုမီဒီယာအသုံးပြုမှု သဘောတူညီမှုတစ်ရပ် ပြုလုပ်ပါ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှု အကြောင်း ဆွေးနွေးရာတွင် ဆောင်ရန်နှင့်ရှောင်ရန်များ၊ သတင်းအချက်အလက်များက မည်သို့ ဆက်စပ်အရေးပါကြောင်း ကလေးများနှင့်အတူ ဆွေးနွေးပါ၊ မီဒီယာနှင့် သတင်းအချက် အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာဆိုသည်မှာ အဘယ်နည်း၊ သင်သည် မီဒီယာနှင့် သတင်းအချက် အလက်ဆိုင်ရာ သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းသူဖြစ်ပါသလား၊ သမိုင်းဝင် တည်နေရာများကို ပုံရိပ်ယောင်နည်းပညာဖြင့်  သွားရောက်လေ့လာရာဝယ်၊ မီဒီယာနှင့် သတင်း အချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် ကြော်ငြာများ၊ မီဒီယာနှင့် သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/အုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ ၊ကလေးများနှင့်အတူ စာဖတ်ပါ၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်မှုရှိသော မိဘ/ အုပ်ထိန်းမှု အတတ်ပညာ နည်းလမ်းများ၊ ရုပ်ရှင်အတူကြည့်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့် ရာဝယ် စသည့် လေ့လာမှတ်သားဖွယ်ရာ ဗဟုသုတမျိုးစုံ ပါရှိကြောင်း သိရှိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)