ကျောက်ထု အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ကျောက်ထုမြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ပြည်သူများ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး အတွက် မန္တလေးမြို့နှင့် ပခုက္ကူမြိုများမှတဆင့် ကုန်စည်များ တင်ပို့လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီမှ စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။
ကုန်တင်ယာဉ်ကြီးများအား ကျောက်ထုမြိုစည်ပင်သာယာစျေးနှင့် ကားကြီးကွင်းနေရာတွင် ရပ်နားစေပြီး ကျောက်ထုမြို့အတွင်းသို့ သုံးဘီးမော်တော်ဆိုင်ကယ်နှင့် လက်တွန်း လှည်းများဖြင့် တဆင့်သယ်ယူစေလျှက်ရှိသည်။
ထို့အပြင်ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့် ဆေးဆိုင်များ၏ ရောင်းချနေမှုများ တွင်လည်း လက်ဆေးဘေစင်နှင့် လက်သန့် ဆေးရည်များထားရှိရေး၊ ဈေးဆိုင်အတွင်း ဝင်ရောက်ဝယ်ခြင်းခွင့် မပြုရန်နှင့်ကြိုးတန်းထားရှိရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ်သူများက Face Shieldနှင့်Mask များ တပ်ဆင်ကြရန်၊ ပါဆယ်ထုပ်စနစ်ဖြင့်သာမှာယူကြရန်၊ (၆) ပေအကွာမှသာ ပြောဆိုဆက်ဆံကြရန်တို့ကို တာဝန်ရှိပုဂ္ဂိုလ်များမှ အသိပေးကြေညာခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီအဖွဲ့ဝင်များက စည်းကမ်းတကျ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း ကျောက်ထုမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၏ ပြောကြာချက်အရ သိရှိရသည်။
အေးလင်း (ပြန်/ဆက်)