ကိုဗစ်-၁၉ ကာလအတွင်း လင်ဖုံလေးကျေးရွာရှိ ခရမ်းချဉ်သီးစိုက်တောင်သူများအနေဖြင့် ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်း

လွိုင်ကော် အောက်တိုဘာ ၁၂

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာရှိ ခရမ်းချဉ်သီးစိုက် တောင်သူများ စိုက်ခင်းတွင် ခရမ်းချဉ်သီးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရာသီပေါ်စအချိန်တွင် စျေးကောင်းရရှိခဲ့​​သော်လည်း ကိုဗစ်ကာလဖြစ်သည့်အတွက် ကုန်သည်ပွဲစားများ သယ်ယူပို့ဆောင်မှု အခက်အခဲကြောင့် အရောင်းအဝယ်များ နှေးကွေးနေကြောင်း သိရသည်။

ခရမ်းချဉ်သီးကို နှစ်စဉ်နှစ်တိုင်း တစ်ဧကကျော်စိုက်ပျိုးထားကြောင်း၊ ပထမအသီးနှံပေါ်စအချိန်တွင် အောင်ပန်း၊ အင်းလေးဒေသမှ ကုန်သည်ပွဲစားများက ခြံအထိ လာရောက်ပြီး တစ်ပိဿာ (၁၂၀၀) ကျပ် စျေးဖြင့် ဝယ်ယူကြပြီး ကိုဗစ်ကာလအခြေအနေကြောင့် ယခုချိန်တွင် ရှမ်း-ကယား နယ်စပ်ဂိတ်အထိ သာ တစ်ဆင့်ခံ ပို့ဆောင်သယ်ယူရသည့်အတွက် ဝယ်သူများ လာရောက်သူနည်းပါးလာကြောင်း၊   ပထမအသီးနှံပေါ်ချိန်၌ ခရမ်းချဉ်သီး တစ်ပိဿာကို (၁၂၀၀) ရောင်းချရပြီး ဈေးနှုန်းများ ကျဆင်းလာ သောကြောင့် ယခုလျှင် ၄၅၀  စျေးနှုန်းရသော်လည်း မနှစ်ကထက်စာရင်တော့ ဒီနှစ် စျေးကောင်းပါ သေးတယ်” ဟု လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာနေ တောင်သူ ခွန်အုန်းကျော် က ပြောကြားခဲ့သည်။

စိုက်ပျိုးသည့် နည်းလမ်းများနှင့် နည်းစနစ်များအကြောင်းကို ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က လာရောက် သင်ကြားပေးခဲ့သည့် အတွက်ကြောင့် သီးနှံများအထွက်နှုန်းတိုးလာခြင်းဖြစ်ကြောင်း တောင်သူ ခွန်အုန်းကျော်ထံမှ သိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)