ထန်းတပင်(ပဲခူး) ဇူလိုင် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြား၍ အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် နိုးကြားလာစေရေး၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်(၉)ဦး၏အတ္ထုပ္ပတ္တိများ၊ နေ့ထူးနေ့မြတ်များ စသည့်အကြောင်းအရာများကို ကျောင်းသား ကျောင်းသူများသိရှိစေရန် အသိပညာပေးဟောပြောခဲ့ပြီး Book Club အဖွဲ့ဝင် ဦးဆက်နိုင်ဦးမှ စာအုပ်စာပေများကို ဖတ်ရှုရန်နှင့် စာပေမှရရှိသော အကျိုးကျေးဇူးများအကြောင်းတို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကိုပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)