ကျောက်တံခါးမြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား /ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကျောက်တံခါး ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာ အထက်တန်း (အနောက်ရပ်) ကျောင်းတွင် ထိုးနှံပေးသည်။

 အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း (၁၁၅) ဦး၊ အသက် (၁၂) နှစ်အထက် (၇၀) ဦး စုစုပေါင်း (၁၈၅) ဦးအား   ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးကြပြီး ဆရာဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက  သတ်မှတ်နေရာသို့ လိုက်ပါပို့ဆောင် ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်းခြင်း၊ ကောက်ယူခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)