မင်းလှမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် စကားပုံစကားထာပြိုင်ပွဲကျင်းပ

အထက်မင်းလှ  ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် စကားပုံစကားထာပြိုင်ပွဲကို ယနေ့နံနက် (၈)နာရီခွဲက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဇာဇာငြိမ်းက (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲနှင့် စကားပုံ၊ စကားထာပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့်ပြိုင်ပွဲစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ရာ မြောက်ရပ်အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ‌ကျောင်းသူ(၁၆)ဦးမှ “အာဇာနည်‌‌နေ့တို့မမေ့” ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြရာဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်များပြသထားရာ ကျောင်းသားကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ဇာဇာ(ပြန်/ ဆက်)