၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ Grade-9 & Grade-12 သင်ရိုးသစ် မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်း ဖွင့်လှစ်

ခန္တီး ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မတ်လ(၁၃) ရက်နေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း(ခန္တီး)၊ ကျန်စစ်သားခန်းမဆောင်တွင်  ဆရာ/ဆရာမများအနေဖြင့် မိမိတို့ သင်ကြားသော ဘာသာရပ်များ ကျွမ်းကျင်မှုရှိစေရန်နှင့် ကျောင်းသား/သူများအနေဖြင့် နိုင်ငံတော်မှ ရည်မှန်းထားသော အနာဂတ်သားကောင်း/သမီးကောင်းများ ဖြစ်ပေါ်လာစေရန် ရဉ်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 & Grade-12 သင်ရိုးသစ် မြို့နယ်အဆင့် (ဆင့်ပွား) သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သိန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းလွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းကို ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၈)ရက် နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး Grade-9 ဆရာ/ဆရာမ(၆၅)ဦး၊ Grade-12 ဆရာ/ဆရာမ(၁၅)ဦး စုစုပေါင်း (၈၀)ဦး တက်ရောက်ကာ စစ်ကိုင်းတက္ကသိုလ်တွင် သွားရောက်သင်တန်းတက်ရောက်ခဲ့ကြ သည့် ဆရာ/ဆရာမများက သက်ဆိုင်ရာဘာသာရပ်များအလိုက် အပြန်အလှန် ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)