ကဝမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ကဝ ဇူလိုင် ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အမှတ်(၂)အခြေခံပညာမူလတန်း(မူလွန်)ကျောင်း၌ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက် ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးမိမိလှိုင်က ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်  အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ စောင်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏အထုပ္ပတ္တိများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက ကျောင်းသား/ ကျောင်းသူများအား ပုံပြင်စာအုပ်များဖြင့် ပုံပြင်များပြောပြခဲ့ပြီး အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)